Russia is waging a disgraceful war on Ukraine.     Ukrayna'nın Yanında Olun!
Paylaşmak
Yazı tipi boyutu
Çeviri
Swap languages

နေလို့ခေါ်တဲံ့ကြယ်တစ်စင်း

ကွဲ​အက်​နေ​တဲ့​ ကမ္ဘာ​မြေ​ပေါ်​မှာ
အ​ဖြူ​ရောင်​ နှင်း၊​ မီး​ခိုး​ရောင်​ ရေ​ခဲ​ တွေ။
စောင်​ကြား​ လွှမ်း​ခြုံ​ထား​သ​လို
မြို့​က​ လမ်း​တွေ​ ထဲ​မှာ​၊
 
ကောင်း​ကင်​က​ အ​လင်း​ရောင်​ကို​ ဖုံး​ကွယ်​ထား​ကြ​ရင်း
မြို့​အ​ပေါ်​မှာ​​ တိမ်​တွေ​ ကူး​ခတ်​နေ​ကြ​တယ်
မြို့​အ​ပေါ်​မှာ​ အ​ဝါ​ရောင်​ မီး​ခို​တွေ​ လည်း​ရှိ​တယ်
နေ​လို့​ခေါ်​တဲ့​ ကြယ်​ရဲ့​အ​လင်း​ရောင်​ အောက်​မှာ​ နေ​ထိုင်​ရင်း
မြို့​သက်​တမ်း​ နှစ်​ပေါင်း​ နှစ်​ထောင်​ရှိ​ခဲ့​ပြီ
 
နှစ်​ပေါင်း​နှစ်​ထောင်​ ကြာ​ စစ်​ပွဲ​ဖြစ်​ခဲ့​တယ်
ခိုင်​လုံ​တဲ့​အ​ကြောင်း​ပြ​ချက်​ မ​ရှိ​တဲ့​ စစ်​ပွဲ
စစ်​ပွဲ​ဆို​တာ​ လူ​ငယ်​တွေ​ရဲ့​အ​လုပ်
ပါး​ရေ​နား​ရေ​တွန့်​တာ​ကို​ ကာ​ကွယ်​ပေး​တဲ့​ ဆေး​ပဲ​ ( အ​သက်​မ​ကြီး​ခင်​သေ​ရ​တယ်​ )
 
နီ​ရဲ​တဲ့​ နီ​ရဲ​တဲ့​ သွေး
တစ်​နာ​ရီ​ကြာ​ရင်​ သာ​မာန်​ မြေ​ကြီး​ ဖြစ်​သွား​ပြီ
နှစ်​နာ​ရီ​ကြာ​ရင်​ မြေ​ပေါ်​မှာ​ ပန်း​တွေ​ မြက်​ခင်း​တွေ​ ရှိ​နေ​ပြီ
သုံး​နာ​ရီ​ကြာ​ရင်​ ကမ္ဘာ​မြေ​ဟာ​ တစ်​ဖန်​ပြန်​ပြီး​ ရှင်​သန်​ပြီ
ပြီး​တော့​ နေ​လို့​ခေါ်​တဲ့​ကြယ်​ရဲ့​ အ​လင်း​တန်း​ နဲ့
နွေး​ထွေး​နေ​ပြီ
 
ငါ​တို့​သိ​တယ်​​ ဒီ​လို​အ​မြဲ​ဖြစ်​ခဲ့​မယ်​လို့
တ​ခြား​ဥ​ပ​ဒေ​စည်း​ကမ်း​နဲ့​ နေ​မယ့်သူ​က​ ( သာ​မာန်​လူ​နဲ့​မ​တူ​ပဲ​ ထူး​ခြား​တဲ့​သူ​ )
ဒါ​ပေ​မယ့်​ ငယ်​ငယ်​ရွယ်​ရွယ်​နဲ့​ သေ​ရ​မယ့်​သူ​က
ကံ​ကြမ္မာရဲ့ မျက်​နှာ​သာ​ပို​ပေး​ခြင်း​ခံ​ရ​မယ်​လို့
 
ဟုတ်​တယ်​ မ​ဟုတ်​ဘူး​ ဆို​တဲ့​စ​ကား​လုံး​ကို​ သူ​ မ​မှတ်​မိ​ဘူး
ရာ​ထူး​အ​ဆင့်​အ​တန်း​တွေ​ နာ​မည်​တွေ​ကို​ သူ​ မ​မှတ်​မိ​ဘူး
အိပ်​မက်​မက်​တယ်​လို့​ မ​တွေး​ပဲ ( မ​ဖြစ်​နိုင်​ဘူး​လို့မ​တွေး​ပဲ​​ )
ကြယ်​ထိ​ အ​ရောက်​သွား​နိုင်​တယ်​ ( အောင်​မြင်​အောင်​ ကြိုး​စား​နိုင်​တယ်​ )
ဒါ​ပေ​မယ့်​ နေ​လို့​ခေါ်​တဲ့​ ကြယ်​ရဲ့​ လောင်​မြိုက်​ခြင်း​ ခံ​ရ​တယ်​ ( စော​စော​သေ​ရ​တယ်​ )
 
Orijinal şarkı sözleri

Звезда по имени Солнце

şarkı sözleri (Rusça)

Yorumlar