• Win Oo

    အလှကမ္ဘာမြေ

Share
Font Size
Proofreading requested
ဒီကမ္ဘာမြေပြင်ပေါ် တလွှားမယ်သူငါအများတို့ရယ်
အလှနဲ့ သစ္စာကိုကွယ် ဖွေရှာမောကြတယ်
တကယ်မမောပန်းစေရန်ကိုကွယ်ပြောပြောပြမယ်
ကိုယ်ဌာနဝန်းကျင်မှာကွယ်တကယ်ပင်အလှရှိတယ်
 
စုံမြိုင်ချေဂနိုင်မြေလမ်းအထွေထွေဆန်းပြားကြွယ်
သဘာဝရဲ့ အလှဟန်တွေရယ်ထုံကြည်သင်းပျံ့တယ်
တကယ်အလှရဲမှုမှန်ကိုကွယ်တွေးကာငေးကြည်ဝယ်
ကမ္ဘာ့တန်းစားမိခင်မြေမယ်ပုံပန်းချီရေးသိဖွယ်
 
ဒီဘုံဘွေကြုံလေသမျှဝယ်သဘာဝတရားအလှရယ်
ဘဝရဲ့သစ္စာမြေဝယ်ခိုင်မာအမြဲအမြစ်တွယ်
တဒင်္ဂအလှဆိုတာတွေရယ်ပေါကြွယ်လွန်းလှတယ်
တကယ့်အလှနဲ့သစ္စာမှာကွယ်သဘာဝအခင်းဖြစ်တယ်
 
စုံမြိုင်ချေဂနိုင်မြေလမ်းအထွေထွေဆန်းပြားကြွယ်
သဘာဝရဲ့ အလှဟန်တွေရယ်ထုံကြည်သင်းပျံ့တယ်
တကယ်အလှရဲ့မှုမှန်ကိုကွယ်တွေးကာငေးကြည့်ဝယ်
ကမ္ဘာ့တန်းစားမိခင်မြေမယ်ပုံပန်းချီရေးသိဖွယ်
 
ဒီဘုံဘွေကြုံလေသမျှဝယ်သဘာဝတရားအလှရ လှရယ်
ဘဝရဲ့သစ္စာမြေဝယ်ခိုင်မာအမြဲအမြစ်တွယ်
တဒင်္ဂအလှဆိုတာတွေရယ်ပေါကြွယ်လွန်းလှတယ်
တကယ့်အလှနဲ့သစ္စာမှာကွယ်သဘာဝအခင်းဖြစ်တယ်
 

 

Translations

Comments