• Ani Lorak

    برمه‌ای translation

همرسانی
Font Size
برمه‌ای
ترجمه

ကောင်းကင်ဘုံကိုယူသွားပါ

မင်းထွက်သွားရင် ငါဘယ်လို နေရမလဲ မသိဘူး
ကောင်းတဲ့နေ့တွေမှာ နောက်ထပ် ဘယ်လိုယုံရမလဲ မသိဘူး
တစ်ခုခုဆုံးဖြတ်ဖို့လိုတယ်။ ငါတို့ကြားမှာ လိမ်ညာမှု တွေပဲရှိတယ်
ငါတို့ နှစ်ယောက်တွဲ လိုပဲ၊ ငါတို့ တစ်ယောက်တည်းလိုပဲ
 
ငါ ကိုယ့်ကိုကို လေ့ကျင့်ထားတယ် မင်းနဲ့အတူမနေရဖို့
မလိုအပ်တဲ့ ဝမ်းနည်းမှုတွေ မရှိဘဲ ချိုအီလွန်းတဲ့ ခယမှုတွေ မရှိဘဲ
 
အဲဒီကောင်းကင်ကို ယူသွားပါ၊ ကောင်းကင်ဘုံကို ယူသွားပါ
အဲဒီနေကို ယူသွားပါ၊ ငါ ကြံ့ကြံ့ခံနေနိုင်ပါတယ်
သိထားပါ၊ မင်းငါ့ကို သွားတော့မယ်လို့ ပြောလိုက်ရင်
အဲဒီကောင်းကင်က ငါ့မျက်လုံးတွေလို ပြာနေမှာ မဟုတ်တော့ဘူး
အဲဒီနေက ပေါက်ကွဲသွားပြီး ဖန်စတွေလို လွင့်စင် သွားလိမ့်မယ်
ပြီးတော့ ငှက်တွေတောင် နှုတ်ဆိတ်ကုန်ကြလိမ့်မယ်
 
မင်းနဲ့အတူဆိုရင်လည်း ငါခက်ခဲတယ်၊ မင်း မရှိရင်လည်း ခက်ခဲတယ်
ဒါပေမယ့် ငါတိုအတွက် ခွဲခွါဖို့ အချိန်ရောက်ပြီ
ကံကောင်းတယ်လို့ ထင်ခဲ့တယ် ဒါပေမယ့် မနာလိုဖြစ်သလို ပဲ
မင်းဆီက ထွက်ခွါသွားဖို့ အချိန် ရောက်ခဲ့ပြီ
 
အဲဒီခံစားမှုကို အမြဲတမ်း မေ့ထားချင်တယ်
နှုတ်ဆက်ခဲ့ဖို့ ဆိုတာ အနုပညာ တစ်ခုပါပဲ
 
အဲဒီကောင်းကင်ကို ယူသွားပါ၊ ကောင်းကင်ဘုံကို ယူသွားပါ
အဲဒီနေကို ယူသွားပါ၊ ငါ ကြံ့ကြံ့ခံနိုင်ပါတယ်
သိထားပါ၊ မင်းငါ့ကို သွားတော့မယ်လို့ ပြောလိုက်ရင်
အဲဒီကောင်းကင်က ငါ့မျက်လုံးတွေလို ပြာနေမှာ မဟုတ်တော့ဘူး
အဲဒီနေက ပေါက်ကွဲသွားပြီး ဖန်စတွေလို လွင့်စင် သွားလိမ့်မယ်
ပြီးတော့ ငှက်တွေတောင် နှုတ်ဆိတ်ကုန်ကြလိမ့်မယ်
 
ယူသွားပါ
 
روسی
متن ترانه

Забирай рай

Click to see the original lyrics (روسی)

ترجمه‌های بازخوانی‌ها

نظرها